EVENTS

" ၁၀ " သိန်းအမြန်ပြည့်မီရေး Yccerများ ကူညီပေး

ပြည်သူ့ဝန်ထမ်း သူရဲကောင်းများအား လစဉ် ဂုဏ်ပြုထောက်ပံ့နိုင်ရန် စဉ်ဆက်မပြတ်ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။ ယခုအခါ ဇွန်လအတွက် ဂုဏ်ပြုထောက်ပံရန် ရံပုံငွေ ပမာဏ " ၁၀ "သိန်းလိုအပ်လျက်ရှိနေပါသေးသောကြောင့် Yccerများမှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိးဆော်အပ်ပါသည်။
ပြည်သူ့ဝန်ထမ်းများ၏ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုသည် မည်မျှအရေးကြီးသည်ကို အကြိမ်ကြိမ် အလေးထားပြောဆိုခဲ့ပြီးဖြစ်၍ သိရှိပြီး ဖြစ်ပါလိမ့်မည်။
ကျွနှ်ပ်တို မိခင်တက္ကသိုလ်မှ ဆရာ/ဆရာမ၊ ဝန်ထမ်းများသည် တော်လှန်ရေး ခရီးကြမ်းစတင်စဉ်ကတည်းက လူမှုရေး၊ ကျန်းမာရေး၊ လုံခြုံရေး စသဖြင့် အရေးများစွာကို ယခုထိ ကြံ့ကြံ့ခံရင်ဆိုင်၍ တော်လှန်ရေးအား နိုင်ရာဝန်ဖြင့် တစ်တပ်တစ်အား ပါဝင်ထမ်းရွက်လျက်ရှိသည်။
ထို ပြည်သူ့ဝန်ထမ်း သူရဲကောင်းများ ရပ်တည်ရေးအတွက် ဂုဏ်ပြုထောက်ပံ့နိုင်ရေး မပျက်မကွက် ဆောင်ရွက်ရမည်မှာ ကျွနှ်ပ်တို Yccerအားလုံး၏ တာဝန်ပင်ဖြစ်သည်။
သို့ဖြစ်ပါ၍ ဇွန်လအတွက် ရံပုံငွေလိုအပ်ချက်ဖြစ်သော " ၁၀ " သိန်းအား အမြန်ဆုံးပြည့်မီ၍ သူရဲကောင်းများအား ထောက်ပံ့နိုင်ရန် ဝိုင်းဝန်းကူညီ ပေးကြပါရန် ထပ်လောင်းတောင်းဆိုအပ်ပါသည်။

Choose your country

Korea
Coming soon

Singapore - Choose an agent

Thailand - Choose an agent

Japan - Choose an agent

Other Countries - Choose an agent