UTYCC NEWS

ယာယီတက္ကသိုလ်​ကောင်စီနှင့် ​ကျောင်းသား/သူများ​ဆွေး​နွေးပွဲသို့ ဖိတ်ကြားခြင်း

ယာယီတက္ကသိုလ်ကောင်စီနှင့် ကျောင်းသား/သူများဆွေးနွေးပွဲ အစီအစဥ်
=======================
နည်းပညာတက္ကသိုလ် ( ရတနာပုံဆိုင်ဘာစီးတီး ) ယာယီတက္ကသိုလ်ကောင်စီမှ ကျောင်းသား/သူများနှင့် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်အား ပြုလုပ်၍ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဥ်များ၊ ကြားကာလပညာရေးအစီအစဥ်များအား အသိပေးပြောကြားသွားမည် ဖြစ်ပါသည်။
ကြားကာလပညာရေးအစီအစဥ်အတွက် ကောက်ယူထားသော စစ်တမ်းမှ မေးခွန်းအချို့အား ပြန်လည်ဖြေဆိုသွားမည်ဖြစ်ပြီး ဆွေးနွေးပွဲတွင်လည်း ထပ်မံ၍သိလိုသည်များ မေးမြန်းဆွေးနွေးနိုင်ပါသည်။
ကျောင်းသား/သူများ၏ အကြံပြုဆွေးနွေးချက်များ စုံလင်စွာ သိရှိနိုင်ရန်အတွက် ပညာသင်နှစ်အလိုက် တွေ့ဆုံဆွေးနွေးရန် စီစဥ်ထားရှိသည်။
သို့ဖြစ်ပါ၍ နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး)မှ တက်ရောက်ဆဲ ကျောင်းသား/သူများအားလုံး မပျက်မကွက် တက်ရောက်ပေးကြပါရန် ဖိတ်ကြားအပ်ပါသည်။
နေ့ရက် – 26Nov to 28 Nov, 2021
အချိန် – 9:00 AM & 1:00PM
နေရာ – Zoom Meeting
* Zoom Meeting Linkအား တွေ့ဆုံဆွေးနွေးမည့် ပညာသင်နှစ်အလိုက် အသိပေးထုတ်ပြန်ပေးသွားပါမည်။
Telegram Channel =》INTERIM UNIVERSITY COUNCIL ( UT – YCC )