EVENTS

နှစ်သစ် အထိမ်းအမှတ် ထောက်ပံ့
တော်လှန်ရေးကို ရှေ့ဆက်

" နှစ်သစ်အထိမ်းအမှတ် ထောက်ပံ့ တော်လှန်ရေးကို ရှေ့ဆက် "

နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသည့် အခါသမယမှာ ကျွန်တော်တို့ရဲ့ သူရဲကောင်းတွေကို ဂုဏ်ပြုထောက်ပံ့ဖို့ အစီအစဉ်လေးတစ်ရပ် ပုံဖော်ထားပါတယ်...
ကျွန်တော်တို့ရဲ့ ပြည်သူ့ဝန်ထမ်းသူရဲကောင်းတွေဟာ ယခုချိန်ထိကို တော်လှန်ရေးအတွက် ကြံကြံခံ၍ ရင်ဆိုင် အံတုနေကြဆဲဖြစ်ပါတယ်...
ဒီလိုသူရဲကောင်းတွေအတွက် လစဉ်မပျက်မကွက် ထောက်ပံ့ဂုဏ်ပြုရမယ့်တာဝန် ကျွန်တော်တို့မှာရှိပါတယ်...
သူရဲကောင်းတွေထံကို ထောက်ပံ့ရင် သင်္ကြန်စာများလည်း ဖတ်ရှုကာ တစ်နှစ်တာ ဆောင်ရန် ရှောင်ရန်တွေကိုဆောင်ရွက်နိုင်ပါတယ်....
ပြည်သူ့ဝန်ထမ်း သူရဲကောင်း ဆရာ/ဆရာမတွေဟာ အထိုက်အလျောက် ပင်ပန်းဆင်းရဲမှုတွေကို ခံစားနေရတာ
အသိပဲဖြစ်မှာပါ... ဒါကြောင့် ဆရာ/ဆရာမတွေကို အားပေးတဲ့ နှစ်သစ်ဆုမွန် ပေးစာ ကဏ္ဍအစီအစဉ်ကိုလည်း ထည့်သွင်းထားတာမို့ ...
အားပေး ဆုတောင်းစကားများ ပေးပို့ပေးဖို့ တိုက်တွန်း နှိုးဆော်လိုက်ပါတယ်...

" နှစ်သစ်အထိမ်းအမှတ် ထောက်ပံ့ တော်လှန်ရေးကို ရှေ့ဆက် "

နှစ်သစ်ဆုမွန်လွှာများ

Choose your country

Korea
Coming soon

Singapore - Choose an agent

Thailand - Choose an agent

Japan - Choose an agent

Other Countries - Choose an agent

တနင်္လာ သားသမီးများအတွက် သင်္ကြန်စာ

ဗုဒ္ဓဟူး သားသမီးများအတွက် သင်္ကြန်စာ

ဗုဒ္ဓဟူးသားသမီးများ အနေနဲ့ကတော့ ယခုနှစ်တွင် လေးဖက်နာ ကျီးပေါင်းနှင့် ရင်ဘက်ပိုင်းတွင် ဝေဒနာပေါ်အံ့။ ဝင်ငွေနှင့်ထွက်ငွေမျှတနေနိုင်သည့်အတွက် မိမိထက်လိုအပ်သူများကို ပေးကမ်းသင့်သည့်ကာလဖြစ်သည်။ လူမှုရေးအရ အပြုံးတုဖြင့်နေရသော်လည်း မိမိကို ရန်ပြုလိုသူများရှိသည့်အတွက် မိမိကသာ ဦးစွာရန်ပြုနိုင်ရန် တိုးတိုးတိတ်တိတ် ကြိုးစားသင့်သည်။ ကပ်ဘေးသုံးပါးသင့်နေသူများကို အထူးဂရုပြုလှူဒါန်းပေးမှ မိမိအတွက်ဘေးကင်းနိုင်မည်။ မသွားအပ်သောနေရာများ သွားလာခြင်းမှ ရှောင်ကြဉ်ပါ(ဥပမာ -အသုံးမပြုရန် ကြေငြာထားသော လမ်း၊တံတားစသည်)။ အိမ်ထောင်ရေးအချစ်ရေးတွင်အသေးအဖွဲပြဿနာရှိနိုင်သော်လည်း ပြေလည်မည်မဟုတ်(မိန်းကလေးတိုင်းအမြဲမှန်သည်)။ ကံပွင့်လာဘ်ပွင့်စေရန်ယတြာအဖြစ် - စားနပ်ရိက္ခာ၊ရေ၊ဆေးဝါး၊မိုးကာ၊ခြင်ထောင်၊အဝတ်အထည်စသည်တို့ကို လိုအပ်သည့်နေရာများဆီသို့ ထောက်ပံ့ကူညီပါ။

ရာဟု သားသမီးများအတွက် သင်္ကြန်စာ

ရာဟုသားသမီးများ အနေဖြင့် ယခုနှစ်တွက် လေးဖက်နာ နှင့် ‌နှလုံးရောဂါ ဝေဒနာ များ ခံစားရနိုင်သည်။ ကံအထူး ကောင်းမွန်သော နှစ်လဲ ဖြစ်၏။ စီးပွားရေး တွင် ၀င်‌ငွေ များသော်လည်း စိစစ်မသုံးစွဲ လျှင် ထွက်ငွေ များအံ့။ လူမှုရေး တွင်လည်း အဆင်ပြေချောမွေ့ စေရန် အများအကျိုး များများဆောင်ပါ ကိုယ့်အကျိုးအောင်ပါလိမ့်မည် ။ ချစ်သူ ရည်စား ဘ၀ လက်တွဲဖော်ကောင်း ရနိုင်သာ နှစ် တစ်နှစ် လဲ ဖြစ်၏ ( မှတ်ချက် မရနိုင်သည့် crush လေးကိုအတင်း လိုက်ကပ်နေခြင်းမှ ရှောင်ကြည်ပါ ) မသွားသင့်အသွားအပ်သော နေရာများ သို့ သွားလာခြင်း အထူးရှောင်ကြဉ်ပါ ။ ကံပွင့်လာဘ်ပွင့်စေရန် ယတြာအဖြစ် မွေးနေ့ မနက်တွင် မုန့်ဟင်းခါး ချက်သည့် ဌာန တခုခု တွင် တက်နိုင်သော အလှူအတန်းပါ၀င်ပါ ။ လုပ်သမျှအောင် ဆောင်သမျှ မြှောက်ပါလိမ့်မယ် ။

ကြာသပတေး သားသမီးများအတွက် သင်္ကြန်စာ

ကြာသာပတေး သားသမီးများ အနေဖြင့် နှလုံး နှင့်ပတ်သတ်သော ‌‌ဝေဒနာခံစားရနိုင်သည် ။ လက်ထဲတွင် ‌ပိုက်ဆံများများ ရှိသော်လည်း လူမိုက်နှင့် အတူမနေဆိုသလို ကုန်လွယ်သည် အကျိုး ရှိရှိ အသုံးချရန် တိုက်တွန်းလိုပါသည်။လူမှုရေး တွင်လည်း မပတ်သက်သင့်သူများအား ‌ရှောင်ဖယ်ခြင်း နည်းဖြင့် နေထိုင်ပါ ။ မိမိတွင် ၁၀၀ ရှိပါက ၁၀ ကို ‌လှူဒါန်းပြီး ဒါန မျိုးစေ့ စိုက်ပျိုးပါ ။ချစ်သူ ရည်းစား မရသေးသူများ မကြာမီ လက်တွဲဖော် တွေ့လာနိုင်သည် ။ ရှိပြီးသူများလဲ ကြားလေသွေး၍ မဝေး‌‌စေရန် အထူး ရုစိုက်ပါ ။ ကံဇာတာ တက်စေရန် အထူးယတြာ အဖြစ် တောင်အရပ်ကို မျက်နှာမူ၌ သြဇာရွက် ရွက် ကို ‌‌ခြေဖြင့်ဆောင့်ကာ " သားရေကြိုး တင်း‌‌အောင်ကိုင် '' ဟု မနက်တိုင်း ရွတ်ဆိုပါ ထို့ နောက် နီးစပ်ရာတွင် Click ပါ။

သောကြာ သားသမီးများအတွက် သင်္ကြန်စာ

သောကြာသားသမီးများ အနေနဲ့ကတော့ ယခုနှစ်တွင် လေထိုးလေအောင့်၊ချွဲကြပ်၊သလိပ်ထ၊သွေးတိ၊ဆီးချိုရောဂါများခံစားရနိုင်သည်။ဝင်ငွေသည်ထွက်ငွေထက်နည်းပါးနေနိုင်သောကြောင့်လိုအပ်သလောက်သာအသုံးပြု၍ ပိုလျှံသော(မပိုလျှံလျှင်တတ်နိုင်သမျှ)ငွေကြေးပမာဏအားထောက်ပို့ကူညီသင့်သည် ။လူမှုရေးတွင် စေတနာကောင်းသောသူများနှင့် ဆုံတွေ့ရနိုင်သည့်အတွက် ပျော်ရွှင်ရ‌နိုင်သော်လည်း ခေတ္တပျော်ရွှင်မှုသာဖြစ်ကောင်းသတိရပါ ။ ပုစဉ်းပေါက်စဝဲတတ်သောနေရာများ ၊မုန့်လုံးရေပေါ်ကျွေးသောနေရာများအနီးသွားလာခြင်းမှရှောင်ကြဉ်ပါ။ ပါရမီဖြည့်ဖက်ရနိုင်မည်ဟု ထင်နေလျှင် မြစ်ကြီးနားမှ ပုသိမ်ထိ ဘုရားစုံအောင်ဖူး၍ဆုတောင်းပါ။ ကံပွင့်လာဘ်ပွင့်စေရန်ယတြာအဖြစ် - Weekendတိုင်း မိဘတွေရှေ့မှောက်တွင် နှုတ်ခမ်းနီဖိုး လိုအပ်လို့ ပေးပါရန်လို့ ကြွေးကြော်ပြီး လိုအပ်သည့်နေရာများသို့ နှုတ်ခမ်းနီဖိုးအဖြစ် အတိအကျပို့ဆောင်ပေးရမည်။

စနေ သားသမီးများအတွက် သင်္ကြန်စာ

စနေသားသမီးများ အနေနဲ့ကတော့ ယခုနှစ်တွင် ခါးနှင့်ခါးအောက်ပိုင်းရောဂါများ၊ခေါင်းနှင့်ပတ်သတ်သောရောဂါများ ခံစားရနိင်သည် ။ဝင်ငွေထွက်ငွေ မကိုက်သည့်အပြင်အပိုထွက်ငွေများရှိနိုင်သည့်အတွက် စိစစ်သုံးစွဲပါ ။လူမှုရေးတွင် လူတိုင်းနှင့်အဆင်ပြေနိုင်သော်လည်း မိသားစုတွင်းပြဿနာများပေါ်တတ်သည် ။ပဒေသာပင်များအနီး ဒံပေါက်၊အုန်းနို့ကျွေးနေကြဖြစ်သော ရုံးများအနီးသွားလာခြင်းမှရှောင်ကြည်ပါ ။ ချစ်သူရည်းစားဟောင်းကို ပစ်ပယ်၍ ချစ်သူရည်းစားသစ်ရှာလိုစိတ်များဖြစ်ပေါ်တတ်သည်။သို့သော် နေဝင်ချိန်တွင် အိပ်တန်းတက်ရန်မသေချာလျှင် ဖင်ဝဲမပေါက်သင့်ပါ။
ကံပွင့်လာဘ်ပွင့်စေရန်ယတြာအဖြစ် - မိမိအားကျေးဇူးပြုဖူးသော ဆရာ၊ဆရာမများအားထောက်ပံ့ကူညီပါ။သူငယ်ချင်းအချင်းချင်းအကူအညီလိုအပ်နေပါက ပိုက်ဆံမရှိလျှင် အကြွေးယူ၍ကူညီပါ။

တနင်္ဂနွေ သားသမီးများအတွက် သင်္ကြန်စာ